Sunday, January 17, 2010

လောကဓံ(၈)ပါး သို့မဟုတ် ဂြိုဟ်(၈)ခွင်

အကျွန်ုပ်တို့ (၇)ရက်သားသ္မိးများအားလုံး ဘယ်သူမဆို ဒီဂြိုဟ်ခွင်(၈)လုံးထဲ၌သာ လည်ပတ်နေပြီး၊ ကောင်းတစ်လှည့်ဆိုးတစ်လှည့် ကောင်းကျိုး ဆိုးကျိုးများ ဒွန်တွဲ၍နေသည်။ မကောင်းသောအရာများကို ပပျောက်သွားနိုင်အောင် နည်းအမျိုးမျိုးနှင့် ကြိုးစားချေဖျက်ကြသည်။ မိမိတို့ဆီ ရောက်မလာသေးသော ကောင်းကျိုးမင်္ဂလာများ ရောက်ရှိလာအောင်လည်း နည်းမျိုးစုံဖြင့် ရှာဖွေလုပ်တတ်ကြသည်။ ကျွန်ုပ်တို့လူသားတွေရဲ့ သဘာဝသဘောတရားတို့သည် အစဉ်အမြဲ ကောင်းတာတွေကိုပဲ ကြိုက်တတ်ကြသည်။ သာသည့်ဖက်မှာသာနေချင်ကြပြီး နာရမယ့်ဘက်မှာ နေချင်ကြ မည့်သူ ရှိလိမ့်မည်မထင်ပါ။ မိမိတို့လူသားအားလုံးတို့သည် ကောင်းသည့်အရာ သာရမည့်ဘက်ကို ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ယုံကြည်ချက်ကိုစီဖြင့် မရပ် မနားကြိုးစား ရှာဖွေနေကြပါသည်။

ဗေဒင်ကိုယုံသူများသည် ဗေဒင်တွက် ယတြာခြေဆီမီးဖယောင်းတွေထွန်းပြီး ဆိုင်တွေဖွင့် ရင်းနှီးမြုတ်နှံမှုတွေရင်း စီးပွားရှာတတ်ကြပါသည်။ တစ်ချို့ အရွယ်ရောက်လာကြသော ယေကျားလေး၊ မိန်းကလေးများဆိုလျှင် ဗေဒင်တွက် ယတြာတွေခြေပြီးမှ မိတ်ဆွေ၊ ချစ်သူရည်းစား သို့မဟုတ်မိမိရဲ့အိမ်ထောင်ဖက်ကိုရွေးရတာ ပိုပြီးစိတ်ချရသည်ဟု ယုံကြည်ကြသည်။ ထို့အတွက်ကြောင့် ဗေဒင်တွက်ခြင်း၊ယတြာချေခြင်းစသည်ကို ယုံကြည်ကြသောသူများ၊၀ါသနာပါသောသူများအတွက် အကျွန်ုပ်တတ်သလောက် မှတ်မိသလောက်ဖြစ်သည့် ဗေဒင်ဆိုင်ရာ ဟောပြောချက်များကို မေတ္တာလက်ဆောင်အဖြစ် တင်ဆက်ပေးလိုပါသည်။

ဒီဂြိုဟ်(၈)လုံးကို မိတ်ဆွေတို့ကိုယ်တိုင် နားလည်နိုင်အောင်၊ ဆရာမလိုဘဲနှင့် မိမိကိုယ်မိမိ ပြန်ဟောနိုင်အောင် ပုံစံနှင့်စာသားရှင်းလင်းချက်များနှင့်တကွ ဖေါ်ပြထားပါသည်။ အထူးသဖြင့် နားလည်ထားရမည့်အချက်(၂)ချက်ရှိသည်။ (၁)အချက်-
မိမိမွေးနံ ဂဏန်းနံပါတ်ဖြစ်သည်။ (၂)အချက်ကတော့ မိမိကြရောက်သည့်အကွက်ကနေ စပြီးရေတွက်ရမည်။ ဥပမာ- ကြသပတေးနေ့ သားသ္မိးဖြစ်လျှင် (၅)ဂဏန်းကနေ စ တွက်ပါ၊ မိမိကအသက်က(၂၀)ဆိုရင် အဲ့ဒီ(၅)ကနေ ညာဘက်ကိုလှည့်ပြီးရေတွက် တစ်ကနေ
နှစ်ဆယ်အထိပေါ့။
မသိသေးသည့်သူများ ဒီလိုမှတ်ထားလိုက်ပါ။ တနင်္ဂနွေက(၁)၊ တနလ င်္ာက(၂)၊အင်္ဂါက (၃)၊ဗုဒ္ဓဟူးက (၄)၊သောကြာက (၆)၊စနေက(၇) ဂဏန်း၊ရာဟုသည်(၈)ဖြစ်သည်။

ဒီအောက်မှာပြထားသည့် ဂြိုဟ်(ဂ)လုံး အရင်ကြည့်ထားပါ။ ဤဂြိုဟ်သည် သည်အတိုင်းရပ်မနေဘဲ အမြဲလည်ပတ်နေသည်။ မိမိမွေးနံသည်လည်း ဂြိုဟ်အတိုင်း တစ်နှစ်လျှင်တစ်ကွက်စီကျလည်ပတ်၍ ပြောင်းလဲသွားနေမှာဖြစ်ပါသည်။


1. တနင်္ဂနွေဂြိုဟ်အတွက် (၁)ဂဏန်းဖြစ်ပြီး ပသံသာဟုခေါ်တွင်ကြသည်။
ချီးမွမ်းခံရခြင်း၊ ဂုဏ်သတင်းကျော်ကြားထင်ပေါ်ခြင်း၊ ရာထူးတိုးခြင်း၊ မင်္ဂလာအခမ်းအနားရုတ်တရက်ကျင်းပရခြင်း၊ အိုးအိမ်နှင့်တ်ဖိုးရှိသော အသုံးအဆာင်ပစ္စည်းများ ၀င်ရောက်လာခြင်းစသော ကောင်းကျိုးများ ခံစားရတတ်ပြီး ဒီနှစ်ထဲရောက်နေကြသော ခုနှစ်ရက်သားသ္မိးများ မာနလေးတွေထောင်လွှား၍နေတတ်သည်။

2. တနလ င်္ာဂြိုဟ်အတွက် (၂)ဂဏန်းဖြစ်ပြီး လာဘောဟုခေါ်သည်။
လာဘ်လာဘပေါများ၍ ငွေကြေးများစွာရရှိခြင်း၊ စီးစိမ်ဥစ္စာတိုးတက်ခြင်း၊ထီပေါက်ခြင်း၊ အမွေအနှစ်ရရှိခြင်း၊ ရွှေငွေ အချစ် ယာဉ်ကား ရထား ကျောက် စသည့်ပစ္စည်းများမှလည်း အကျိုးအမြတ် ရရှိတတ်ခြင်းများ စသည်တို့ဖြစ်ပါသည်။

3. အင်္ဂါဂြိုဟ်အတွက် (၃)ဂဏန်းဖြစ်ပြီး အယသောဟုခေါ်သည်။
မိတ်ဆွေအပေါင်းအသင်းပျက်စီး၍ စိတ်ဆင်းရဲမှုများနှင့်ကြုံတွေ့နိုင်သည်။ မိမိမွေးနာမ်က ဒီအင်္ဂါဂြိုလ်ထဲရောက်နေလျှင် သတိထားပြီးအနေအထိုင် အသွား အလာ အပြောအဆို စတာတွေကို ဆင်ခြင်ဖို့လိုအပ်ပါလိမ့်မည်။ အဲ့ဒီလိုမှ မဟုတ်လျှင် ဆိုးကျိုးများစွာနှင့်ကြုံတွေ့နိုင်သည်။

4. ဗုဒ္ဓဟူးဂြိုဟ်အတွက် (၄)ဂဏန်းဖြစ်ပြီး ဒုက္ခံလို့ခေါ်ပါတယ်။ ဘေးဒုက္ခ ဆင်းရဲပင်ပန်းခြင်းအမျိုးမျိုးနှင့်ကြုံတွေ့ပြီး ရောဂါဥပါဒ်များခြင်း၊ငွေလိမ်
ခံရတတ်ခြင်း၊ အထူးသဖြင့် ၀မ်း၌ဖြစ်သောရောဂါများဖြစ်တတ်ပါသည်။

5. ကြာသပတေးဂြိုဟ်အတွက် (၅)ဂဏန်းဖြစ်ပြီး အလာဘောဟုခေါ်တွင်ကြသည်။
ဒီနှစ်ဟာ လာဘ်ပိတ်တဲ့နှစ်ဖြစ်ပါသည်။ လာဘ်ပိတ်ပြီး သင်ရဲ့အကြံအစည် အထမမြောက်ပဲဖြစ်နေတတ်သည်။ အထူးသဖြင့်ယောကျားလေးတွေ အတွက် အကြံအစည် အထမမြောက်သည့် အတွက်ကြောင့် စိတ်ထင်ရာရှောက်လုပ်ပြီး လိင်ပိုင်းဆိုင်ရာရှုပ်မှု လောင်းကစားမှု ဘိန်းမှုဖြင့် မင်းဘေး မင်းဒန် ခံရတတ်၍ အထူးဆင်ခြင်ဖို့လိုသည်။

6. သောကြာဂြိုဟ်အတွက် (၆)ဂဏန်းဖြစ်ပြီး သုခံဟုခေါ်ကြသည်။
သုခဆိုတဲ့အတိုင်း ဒီနှစ်သည် သင့်အတွက် ကောင်းခြင်းမင်္ဂလာများနှင့်ပြည့်စုံနိုင် သည့်နှစ်လို့ဆိုရပါလိမ့်မည်။ ကောင်းခြင်းများဟူသည် ရာထူးတက်ခြင်း၊ ဂုဏ် ကြက်သရေပြည့်စုံခြင်း၊ နိုင်ငံ နယ်ခြား ရပ်ဝေးခရီးများသွားရတတ်ခြင်း၊ ကွဲကွာနေသောမိတ်ဆွေ သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ့ရတတ်ခြင်း၊ ဆုံးရှုံးသွားသော ပစ္စည်းဥစ္စာများပြန်လည်ရရှိတတ်ခြင်း စသည့်စသည့်ကောင်းခင်းမလာများတို့ဖြစ်ပါသည်။

7. စနေဂြိုဟ်အတွက် (၂)ဂဏန်းဖြစ်ပြီး နိန္ဒာလို့မည့်ခေါ်ကြသည်။
ဂုဏ်သိက္ခာပိုင်းနှင့်ဆိုင်သော ဆိုးကျိုးများကြုံတွေ့ရတတ်ပြီး၊ ပြဿနာများခြင်း၊ အထင်လွဲခံ ချုပ်နှောင်ဖမ်းဆီးမှုခံရတတ်ခြင်း၊ မိမိပိုင်ဆိုင်သော သဥစ္စာများ ဆုံးရှုံးခြင်းစသော ဘေးဥပါဒ်များနှင့်ကြုံရတတ်သည်။

8. ရာဟုဂြိုဟ်အတွက် (၈)ဂဏန်းဖြစ်ပြီး ယသော ဟုခေါ်သည်။
မိတ်ဆွေသစ်များဝင်ကိန်းရှိသည်။ မိတ်ဆွေပေါများလာခြင်းကြောင့် ငွေဝင်သလောက် သဲထဲရေသွန်ပစ်သလို ပြန်လည်ကုန်ဆုံးတတ်ခြင်း၊ ၀င်ငွေရွှင်သည့်အတွက်ကြောင့် အပျော်အပါးလိုက်ပြီး အိမ်ထောင်ရေးဖေါက်ပြန် ရှုပ်ထွေးမှုများနှင့်ကြုံရတတ်ခြင်း၊ ဒီဂြိုဟ်ခွင်မကျော်လွန်သေး သမျှကာလပတ်လုံး သင့်အသားရေမှာ အစဉ်အမြဲလိုလို စိုပြေလှပနေပါလိမ့်မည်။

အထက်၌ ဟောပြောခဲသော အချက်အလက်များသည် အကျယ်မဟုတ်သေးပါ၊ အကျဉ်းမျှသာဖြစ်ပါသည်။ အထူးမှာကြားလိုတာကတော့ မိမိမွေးနာမ်က ဆိုးတဲ့ကွက် ဆိုးတဲ့ဂြိုဟ်ခွင်ထဲ ပြောင်းလဲသွားသည့်အချိန်၊ သို့မဟုတ် ရောက်နေလျှင် နီးစပ်ရာဗေဒင်များဆီသို့ သွားရောက်၍ အကူအညီတောင်းဖို့လိုသည်။

အမှာစကား။
အထက်ပါ ဖေါ်ပြချက်များသည် ဗေဒင်ဆရာ Mr.Achanpol၏ အလိုအရသာဖြစ်ပါသည်။ ဗေဒင်ယုံသောမိတ်ဆွေများ ဒီဗေဒင်အဟော အပြောတွေကို ယုံကြည်မိလို့ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေအားလုံးကို လုံးဝ လုံးဝ တာဝန်မယူကြောင်းပါခင်ဗျား။

ကျေးဇူးတင်ပါသည်
J.Hsai Khur

0 comments: